၂၀၁၉-၂၀၂၀ ပညာသင်နှစ်က စပြီး အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ထုတ်ပေး ခဲ့ပါတယ်။
“၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မြင်တဲ့ ကျောင်းသားတွေအတွက် အသက်မွေး ဝမ်း ကျောင်း သင်တန်းတွေနဲ့ ချိတ်ဆက်ပြီး အလုပ် အကိုင် အခွင့်အလမ်းတွေရရှိဖို့၊ လိုက်လျောညီထွေတဲ့ ကျွမ်းကျင်မှုတွေရရှိပြီး လူမှုဘဝမြင့်မားလာရေးကို ဆောင်ရွက်ပေးနိုင်ဖို့၊ တစ်ဦးချင်းဝင်ငွေရရှိပြီး မိသားစုဝင်ငွေ မြင့်မားလာကာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ဒီလက် မှတ် ကို ပေးအပ်ဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။
ဒီနှစ် အခြေခံပညာအထက်
တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် (HSCC) ထုတ်ပေးလိုက်သူပေါင်း ခြောက်သိန်းခွဲလောက် ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ လူငယ် တွေ အတွက် အသက်မွေး ဝမ်းကျောင်း ပညာရပ်တွေ သင်ပေးဖို့ ကျောင်းတွေ ၊ သင်တန်းတွေ အများကြီး လိုနေပါတယ်။
လာမည့် ဆယ်နှစ် (၂၀၂၁ – ၃၀) အတွင်း မြန်မာနိုင်ငံ အမျိုးသား ပညာရေး မဟာ ဗျူဟာ စီမံကိန်း (NESP_ National Education Strategic Plan) ထဲမှာ အဲ့ဒီ ကဏ္ဍနဲ့ ပတ်သက်လို့ ထည့်သွင်းရေးဆွဲနိုင်ဖို့ဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။
Original Post from Dr. Zaw Naing


