MPTA နှင့် အသင်းဝင်ကျောင်းများစုပေါင်း၍ ဧရာဝတီစင်တာ (ရန်ကုန်) အတွက် ကျပ် (၁၀) သိန်း လှူဒါန်း
———————–
COVID -19 လူနာများကို လက်ခံကုသပေးလျက်ရှိနေသည့် ဧရာဝတီစင်တာ(ရန်ကုန်) အတွက် MPTA အသင်းနှင့် အသင်းဝင်ကျောင်းများစုပေါင်း၍ ကျပ် (၁၀) သိန်းကို ယနေ့သွားရောက်လှူဒါန်းခဲ့ပါသည်။
.
အလှူငွေများလက်ခံရာ GOAL HOTEL သို့ MPTA အသင်းနှင့် အသင်းဝင်ကျောင်းများကိုယ်စား ဒု-ဥက္ကဌ ဦးအေးချမ်းကိုကိုနှင့် EC များသွားရောက်လှူဒါန်းရာ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဌ ဦးဇော်ဇော်မှ လက်ခံရယူပေးခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ဧရာဝတီဘဏ်၏ ဥက္ကဌလည်းဖြစ်သူ ဦးဇော်ဇော်က သက်မွေးပညာကဏ္ဍဖွံ့ဖြိုးရန် လိုအပ်မှုနှင့် MPTA ကဲ့သို့သော အသင်းအဖွဲ့ရှိခြင်း၏ ကောင်းကျိုးများကို ဆွေးနွေးခဲ့ပြီး ဧရာဝတီဘဏ်အနေဖြင့်လည်း ကူညီနိုင်သည်များကိုကူညီရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့ပါသည်။
.
COVID-19 ကာကွယ်ကုသရေးအတွက် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကို ဆက်လက်လှူဒါန်းသွားရန်လည်း MPTA အနေဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Post comment