Myanmar Private TVET Association
မြန်မာနိုင်ငံ ပုဂ္ဂလိက နည်းပညာနှင့် သက်မွေးပညာသင်ကျောင်း လုပ်ငန်းရှင်များအသင်း
ဤအသင်းအား ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် အခြေစိုက်၍ သက်မွေးပညာသင်ကြားရေးကို အဓိကလုပ်ဆောင်နေကြသော ပုဂ္ဂလိကကျောင်းများဖြင့် (၂၀၁၄) ခုနှစ်၊ ဇူလိုင်လတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ အသင်းဝင်များအဖြစ် သက်မွေးပညာ သင်ကျောင်းများနှင့် အလုပ်ခွင်တွင်း လေ့ကျင့်သင်ကြားရေးလုပ်ဆောင်နေသော ကုမ္ပဏီများ ပါဝင်ကြပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်အသင်းအဖြစ် (၂၀၁၆) ခုနှစ်၊ ဧပြီလတွင် အသိအမှတ်ပြုပေးခဲ့ပြီး မြန်မာနိုင်ငံ၏ TVET ကဏ္ဍဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါသည်။
အသင်း၏ရည်ရွယ်ချက်များ
- အမျိုးသားအဆင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး စီမံကိန်းများနှင့် ဆီလျော်သော နည်းပညာနှင့် သက်မွေးပညာ သင်ကြားရေး အစီအစဉ်များ ဖော်ဆောင်နိုင်ရေး။
- ပုဂ္ဂလိက နည်းပညာနှင့် သက်မွေးပညာသင်ကျောင်းများ၏ အရည်အသွေးကို နိုင်ငံတကာ အဆင့်မီ အသိအမှတ်ပြုပေးနိုင်မည့် မူဘောင်တစ်ခု ဖော်ဆောင်နိုင်ရေး။
- ပြောင်းလဲလာသော လုပ်ငန်းခွင်လိုအပ်ချက်များနှင့် ကိုက်ညီသော လေ့ကျင့်သင်ကြားရေး အစီအစဉ်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး။
- နည်းပညာ အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်း၊ ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရေး။
- အများအကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေး။
အသင်းဝင်များအတွက် အခွင့်အလမ်းများ
- အသင်းဝင်ကျောင်းများအကြား အတွေ့အကြုံနှင့် နည်းပညာဖလှယ်မှု ပြုနိုင်မည့် အစီအစဉ်များတွင် ပါဝင်ခွင့်ရရှိခြင်း။
- နိုင်ငံတကာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်သည့် စွမ်းဆောင်ရည်မြှင့် သင်တန်းများတွင် တက်ရောက်ပါဝင်ခွင့် ရရှိခြင်း။
- အသင်းနှင့်ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်၍ အသင်းဝင်သင်တန်းကျောင်းများ၏ သင်တန်းသားများအတွက် လက်တွေ့လုပ်ငန်း အတွေ့အကြံုနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်း။
- နည်းပညာနှင့် သက်မွေးပညာရေးကို အခြေခံသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ခြင်း။
- အသင်း၏ ဆက်သွယ်ရေးကွန်ယက်မှတဆင့် အသင်းဝင်သင်တန်းကျောင်းများ၏ ဝန်ဆောင်မှုများကို ပိုမိုကျယ်ပြန့်စွာ ဖြန့်ဝေနိုင်ခြင်း။