TVET Pedagogy Training (Coaching Skills) သင်တန်းဖွင့်လှစ်ပါမည်.
💢 မြန်မာနိုင်ငံ ပုဂ္ဂလိကသက်မွေးပညာအသင်း (Myanmar Private TVET Association -MPTA) သည် သက်မွေးပညာ သင်ကြားရေး ကျွမ်းကျင်မှု (Pedagogical Skills) သင်တန်းများကိုသင်ကြားပို့ချပေးလျက်ရှိရာ ယခု အကြိမ်တွင် Coaching Skills လက်တွေ့ သင်ကြားရေးကျွမ်းကျင်မှု သင်တန်းကို ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပါသည်။ 💢
💢 ဘယ်သူတွေတက်ရောက်သင့်သလဲ?
☘️သက်မွေးပညာနယ်ပယ်အသီးသီးတွင် လက်တွေ့ကျွမ်းကျင်မှုဆိုင်ရာသင်ကြားလေ့ကျင့်ပေးနေသော ဆရာ၊ ဆရာမများ၊ လုပ်သား ဝန်ထမ်းသစ်များကိုလေ့ကျင့် သင်ကြားပေးရသော လုပ်ငန်းခွင်များမှ Supervisor, Coach, Technical Services team leader များတက်ရောက်သင့်ပါသည်။
💢 ဘယ်သူတွေသင်မှာလဲ?
☘️ MPTA အသင်းမှ Singapore ITE Certified Master trainer များကသင်ကြားပို့ချသွားပါမည်။
💢 ဘယ်လိုအကျိုးကျေးဇူးတွေရရှိမှာလဲ?
☘️ လက်တွေ့ကျွမ်းကျင်မှုဆိုင်ရာသင်ကြားခြင်းအတွက် ပိုမိုထိရောက်သော သင်ကြားနည်းစနစ်များကို သင်ယူရရှိနိုင်ပါမည်။
☘️ သင်တန်းတက်ရောက်သူဆရာဆရာမများအကြားနှီးနှောဖလှယ်နိုင်ခြင်းနှင့် master trainer များမှ ထိရောက်သော အကြံပြုဆွေးနွေးမှုများရရှိသင်ယူနိုင်ပါမည်။
☘️ သင်တန်းဆင်းဆရာ၊ ဆရာမအနေဖြင့် MPTA အသင်းဝင်အဖြစ်ဝင်ရောက်နိုင်မည်ဖြစ်ပြီး နိုင်ငံအဝှမ်းရှိ သက်မွေးပညာသင် ဆရာ၊ ဆရာမများ ချိတ်ကွန်ယက်တွင်လည်း ပါဝင်နိုင်ကာ MPTA အသင်း၏ သက်မွေးပညာ ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်လှုပ်ရှားမှုများတွင် ပါဝင်နိုင်ကြမည်ဖြစ်ပါသည်။
📝 Coaching Skills Training
📆 သင်တန်းနေ့ရက်နှင့် အချိန်
နေ့ရက်။ ။ ၂၂.၀၂.၂၀၂၃ မှ ၂၄.၀၂.၂၀၂၃
(ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာ)
အချိန် ။ ။ နံနက် ၉:၀၀နာရီ မှ ညနေ၄:၀၀နာရီ
💢 သင်တန်းနေရာ
စကားဝါခန်းမ၊ အမှတ် (၅၈၇)၊ The Regency Office, Pyay Road, Kamaryut Township.
(မာလာ မှတ်တိုင်အနီး CB Bank ရှိသော အဆောက်အဦး)
💢သင်တန်းအတွက်သတ်မှတ်ချက်များ
☘️ တသီးပုဂ္ဂလ ဆရာ/ဆရာမများ
အသက် (၂၅) နှစ် ပြည့်ပြီးသူဖြစ်ရမည်။
• အင်္ဂလိပ်စာ အရေး၊ အဖတ် ကျွမ်းကျင်မှု အသင့်အတင့် ရှိရမည်။
• သက်မွေးပညာရပ်ဆိုင်ရာသင်ကြားပို့ချနေသူ ဖြစ်ရန် လိုအပ်ပါသည်။
သင်တန်းတက်ရောက်လိုသူများသည် အောက်ဖော်ပြပါ link တွင် Registration Form အား ဖြည့်စွက်၍ ပေးပို့နိုင်ပါသည်။
သင်တန်းကြေးတစ်ဦးလျှင် (၅၀၀၀၀) ကျပ် ပေးသွင်းရပါမည်။
သင်တန်းချိန်အတွင်း Lunch, Tea Break (2) times စီစဥ်ထားရှိပါသည်။
💢 သင်တန်းသား ၂၀ ဦးသာ လက်ခံပါမည်။
ဖောင်ပိတ်မည့်ရက် – ၂၁.၀၂.၂၀၂၃
💢 ပုဂ္ဂလိက သက်မွေးပညာသင်တန်းကျောင်းများ
💢 Company အတွင်း သက်မွေးပညာလေ့ကျင့် ပေးနေသာ လုပ်ငန်းများအနေဖြင့်
MPTA အသင်းဝင်အဖြစ်ဝင်ရောက်လိုပါက အသင်းဝင်ကြေး (၁) သိန်းကျပ်နှင့် နှစ်စဉ်ကြေး (၅၀၀၀၀) ကျပ် ပေးသွင်း၍ အသင်းဝင်ကျောင်း/ လုပ်ငန်း လျောက်လွှာ ပုံစံတွင် ဖြည့်သွင်းပေးပို့ရပါမည်။ လျှောက်လွှာပုံစံကို အသင်းဝင်ကျောင်း/ လုပ်ငန်းအဖြစ်လက်ခံအတည်ပြုခြင်းခံရပါက ဤသင်တန်းတွင် သင်တန်းသားတစ်ဦး (အခမဲ့) တက်ရောက်ခွင့်ရရှိပါမည်။
🚩 အသေးစိတ်ဆက်သွယ်မေးမြန်းရန်
MPTA Office
📞 09797304635
📞 09258529950
Daw Swe Swe Tint
📞 09974798398
MPTA Email
📩 officeteam.mpta@gmail.com