“ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း” ပရဟိတအဖွဲ့သို့ MPTA မှ ကျပ် (၆) သိန်းခွဲလှူဒါန်း
“ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း” ပရဟိတအဖွဲ့သို့ MPTA မှ ကျပ် (၆) သိန်းခွဲလှူဒါန်း —————- COVID-19 ကပ်ရောဂါကြောင့် စားဝတ်နေရေး ခက်ခဲနေသည့် ပြည်သူများထံ တိုက်ရိုက်သွားရောက်လှူဒါန်းပေးနေသော “ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း” ပရဟိတအဖွဲ့သို့ MPTA အသင်းနှင့် အသင်းဝင်ကျောင်းများ စုပေါင်း၍ အလှူငွေ ကျပ် (၆၅၀,၀၀၀/-) ကို နိုဝင်ဘာလ (၂၀) ရက်နေ့က လှူဒါန်းခဲ့ပါသည်။ . MPTA အနေဖြင့် COVID-19 နှင့် ဆက်စပ်သောကိစ္စများတွင် ကူညီပေးနိုင်ရန် စီစဉ်ရာတွင် အလှူငွေ စုစုပေါင်း (၂,၆၅၀,၀၀၀/-) ကျပ် တိတိရရှိခဲ့ကာ ဧရာဝတီစင်တာ (ရန်ကုန်) နှင့် “ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း” ပရဟိတအဖွဲ့တို့ကို မျှဝေလှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ .…