မြန်မာနိုင်ငံတွင် TVET ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂၀၂၀) ခုနှစ်အတွင်း ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်သူများအနက်မှ တစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု အားမြန်မာနိုင်ငံ ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးပညာကျောင်းလုပ်ငန်းရှင်များအသင်း (MPTA) မှ TVET Star Award 2020 ဆုကို အခမ်းအနားဖြင့် ချီးမြှင့်သွားရန် စီစဉ်လျက်ရှိပါသည်။ လူပုဂ္ဂိုလ် ( သို့) အဖွဲ့အစည်းအနေနှင့် ၂၀၂၀ ခုနှစ်အတွင်း TVET ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပြီးစီးခဲ့သော ထင်ရှားသည့် ဆောင်ရွက်ချက်များ၊ သမိုင်းမှတ်တိုင်များ၊ စာအုပ်နှင့် သုတေသနစာတမ်းများ၊ သင်ကြားမျှဝေမှု၊ ဆန်းသစ်ဖန်တီးမှု စသည်တို့ ရှိခဲ့ပါက MPTA အသင်းမှ ချီးမြှင့်သော TVET Star Award nominee အဖြစ်ဤ form ကိုပြည့်စုံစွာဖြည်စွက်၍ပေးပို့ရန်ဖိတ်ကြားအပ်ပါသည်။ တင်ပြလာသော Nominees များကို ဆုရွေးချယ်ရေး…