ပညာရေးဆိုင်ရာမဟာဗျူဟာမြောက်အစီအစဉ်အရ ပညာရေးဆိုင်ရာအဆင့်မြှင့်တင်ရေး ရည်မှန်းချက်များ ၊ ရည်မှန်းချက်ပြီးမြောက်အောင်မြင်မှုအတွက် စီမံဆောင်ရွက်မှုများ ၊ အရည်အသွေးနှင့် တတ်မြောက်ကျွမ်း ကျင်ရေးအတွက် အကဲဖြတ်အကြံပေးမှုများ ၊ နိုင်ငံအတွင်းတည်ရှိပြီးသော ပင်မရင်းမြစ်များမှ အနာဂတ်ပညာရေးဆိုင်ရာ အောင်မြင်မှုရလာဒ်များအတွက် ရှိရင်းစွဲအရင်းအမြစ်များကို အသုံးပြု၍ ပညာရေးမဟာဗျူဟာမြောက်စီမံကိန်း များကို အောင်မြင်စွာဆောင်ရွက်နိုင်စေရေးတို့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၊ ပညာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၁ဝ၅/၂ဝ၂ဝ ၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ၊ တော်သလင်း လပြည့်ကျော် ၄ ရက် ၊ ခရစ်သက္ကရာဇ် ၂ဝ၂ဝ ပြည့်နှစ် ၊ အောက်တိုဘာလ ၅ ရက်နေ့ ရက်စွဲပါ စာအမှတ် – မူဝါဒ (၂၁)/၁၁-၁၁(NESP)/၂ဝ၂ဝ (၅၈၂၄) ဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂ဝ၂၁ – ၂ဝ၃ဝ) [National Education Strategic Plan – NESP (2021 – 2030)] အတွက် အောင်မြင်စွာရေးဆွဲနိုင်ရန်TVET ကဏ္ဍ (Chapter 6 – TVET ) အတွက် MPTA အသင်းမှပါဝင်အကြံပြုဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။
Pillar တစ်ခုချင်းအလိုက် ဆောင်ရွက်သွားမည့် strategies များ Targets များကို MPTA အသင်းမှဦးဆောင်၍ နောက်ဆက်တွဲ အလုပ်ရုံဆွေးနွေးပွဲများကို online ပုံစံဖြင့် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများတွင် MPTA မှအသင်းဝင်ကျောင်းများ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ TVET ဌာနမှ တာဝန်ရှိသူများ၊ NSSA၊ UMFCCI နှင့် ဖိတ်ကြားထားသော TVET ကဏ္ဍတိုးတက်ရေးအတွက်စိတ်ပါဝင်စားသော INGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။