မင်္ဂလာပါ

 

မြန်မာနိုင်ငံပုဂ္ဂလိကနည်းပညာနှင့်သင်မွေးပညာသင်ကျောင်းလုပ်ငန်းရှင်များအသင်း (Myanmar Private TVET Association) မှ နွေထွေးစွာနူတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်တို့အသင်းအနေဖြင့် ရွေပြည်သာမြို့နယ် အတွင်းရှိစက်ရုံ၊အလုပ်ရုံများတွင် ပိုမိုကောင်းမွန် သော လုပ်ငန်းခွင်များဖော်ဆောင်နိုင်ရန်နှင့် လုပ်သားတို့ရဲ့ စွမ်းဆောင်ရည်မြှင့် တင်နိုင်စေရန် “အေးချမ်းသောအိမ်” စီမံကိန်းအား မိတ်ဆက် အသိပေးလိုပါတယ်။

Aye Chan Thaw Ein (အေးချမ်းသောအိမ်) စီမံကိန်းအား People In Need နှင့် Helvetas Myanmar တို့မှဦးဆောင်ပြီး LIFT ရံပုံငွေမှ ထောက်ပံ့ကူညီပေးထားခြင်းဖြစ်ပါတယ်။ လုပ်သားတို့ရဲ့ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စီမံကိန်းတွင်အောက်ဖော်ပြပါလုပ်ဆောင်မူများကို ကျွန်တော်တို့ MPTA အသင်းမှ တာဝန်ယူ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

 

(၁) Structure on-boarding training program

ဤ program မှာ စက်ရုံအလုပ်ရုံများရှိ မန်နေဂျာ၊ supervisor များအား ကျွမ်းကျင်သူပညာရှင်မှ ပြုစုထားသောလူ့စွမ်းအားဖွံ့တိုးတက်မူဆိုင်ရာသင်ရိုး၊ လမ်းညွှန်နှင့် သင်ကြားပုံနည်းစနစ်များကို MPTA မှသင်ကြားပြသပေးပြီး၊ အဆိုပါ မန်နေဂျာ၊ supervisor များမှတဆင့် လုပ်သားသစ်များ၊ သင်တန်းပို့ချ ပေးရန်လိုအပ်သောလုပ်သားများကို တဖန်ပြန်လည် သင်ကြားပေးခြင်းဖြင့် လုပ်သားများသည် လုပ်ငန်း ၏သဘောသဘာဝ၊ရုံးလုပ်ငန်း၊ စီမံအုပ်ချူပ်မူပုံစံ၊အခြားသော နည်းစနစ်ပိုင်းဆိုင်ရာသတ်မှတ်ချက်များ ကိုသိရှိနားလည်ပြီးကုန်ထုတ်လုပ်မူတွင်စွမ်းအားမြင့်မားစေရန် ရည်ရွယ်ပါတယ်။ ဤအစီစဉ်အား ကျွမ်းကျင်သူမှရေးဆွဲရာတွင် စက်ရုံအလုပ်ရုံများဘက်မှလည်း အုပ်ချုပ်သူ (သို့) လုပ်ငန်းပိုင်ရှင်များကို လည်းပါဝင်အကြံပြုရေးဆွဲနိုင်ရန်ဖိတ်ခေါ်လျက်ရှိပါတယ်။

 

(၂) Soft skill training

လုပ်ငန်းခွင်အထောက်အကူပြု စွမ်းဆောင်ရည်မြှင့်သင်တန်းများသည် စက်ရုံအလုပ်ရုံရှိ လုပ်သားထု တစ်ရပ်လုံးအတွက်ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ဝန်ထမ်းများ၏ပြောဆိုဆက်ဆံဆောင်ရွက်မူ များ၊ လုပ်ငန်းခွင်အတွင်းပြသနာများကိုကိုင်တွယ်ဖြေရှင်းနိုင်မူများ၊ မှန်ကန်သောဆုံးဖြတ်ချက်ချနိုင် မူများ၊ အသင်းအဖွဲ့ဖြင့်လုပ်ဆောင်နိုင်မူများကို အဓိထားသင်ကြားပေးမှာဖြစ်သောကြောင့် သာယာ ညီညွတ်ကောင်းမွန်သော လုပ်ငန်းခွင် ဖြစ်ပေါ်လာစေရန်အထောက်အကူပြုနိုင်မှာဖြစ်ပါတယ်။ ခေါင်းစဉ် (၇)ခုနှင့်သင်ကြားပေးမဲ့ သင်တန်းများကိုမိမိတို့၏စက်ရုံတွင်းမှာသော်လည်းကောင်း၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အလုပ်သမားဖွံ့ဖြိုးရေးစင်တာများမှာသော်လည်းကောင်း သင်ယူနိုင် ကြပါတယ်။ ခေါင်းစဉ်တစ်ခုချင်းအလိုက်သော်လည်းကောင်း၊ လုပ်ငန်းခွင်၏ လိုအပ်ချက် ရှိနေသည့် ခေါင်းစဉ်များအလိုက်သော်လည်းကောင်းရွေးချယ်သင်ယူ နိုင်ပါတယ်။ အဆိုပါသင်တန်းခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • CV writing and interviewing
  • Effective communication
  • Good mind and attitude
  • Problem solving
  • Negotiation
  • Decision making
  • Team building

 

(၃) Career Counseling

လုပ်သားများသည်မိမိတို့၏လုပ်ငန်းခွင်ဆိုင်ရာ တိုင်ပင်ဆွေးနွေးလိုမူများ၊ အလုပ်အကိုင် အခွင့်လမ်းများ ရှာဖွေတိုင်ပင်ဆွေးနွေးလိုမူများ၊ ရည်မှန်းထားသောအလုပ်များအတွက် ရှိထားရမည့်ပြင်ဆင် မူများ တို့ကို ကျွမ်းကျင်ပညာရှင်မှတိုင်ပင်ဆွေးနွေးပေးနေသောအစီအစဉ်ဖြစ်ပါတယ်။ လုပ်သား တစ်ဦးချင်းစီ အပေါ် ပညာရှင်များ၏အကြံပြုဆွေးနွေးမူများက လုပ်သားတို့ရဲ့ ကျွမ်းကျင်မူ နှင့်ကိုက်ညီ သော အလုပ် အကိုင်များအားရှာဖွေရွေးချယ်ရာတွင်အထောက်အကူပြုစေရန်ရည်ရွယ်ပါတယ်။

 

(၄) Vocational training

အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခုကို သင်ကြားတက်မြောက်လိုတဲ့ လုပ်သားများ၊ အသက်မွေးမူ အတတ်ပညာဖြင့်ရပ်တည်လိုသူများအတွက် သင်ကြားပေးမဲ့အစဉ်ဖြစ်ပါတယ်။ ဥပမာ၊ ဂဟေဆက် ကျွမ်းကျင်၊ မိတ်ကပ်ဆံပင်ကျွမ်းကျင်သင်တန်းများနှင့် အခြားသင်တန်းများပါဝင်မှာဖြစ်ပါတယ်။

 

  • စီမံကိန်းတွင်ပါဝင်သော သင်တန်းများအားလုံး၊ ပါဝင်ဆွေးနွေးမူများသည် ရာနူံးပြည့် အခမဲ့ (အခမဲ့) ဖြစ်ပါသည်။

 

  • Stay home နှင့် work from home ကာလများတွင်လည်း အင်တာနက်မှတဆင့်သင်ကြားခြင်း၊ဆွေးနွေးခြင်းများပြုလုပ်နိုင်ပါတယ်။ App များအသုံးပြပုံ အပါအဝင် အင်တာနက်ဒေတာသုံးစွဲမူအတွက်ကုန်ကျငွေပံ့ပိုးမူများလည်းရှိပါတယ်။

 

  • လူကိုယ်တိုင်ပါဝင်တက်ရောက်သောအခါများမှာလည်း လုပ်သားများအား နေ့အသုံးစရိတ်များ၊ သင်တန်းချိန်အတွင်း ကျွေးမွေးဧည့်ခံမူများလည်းပါဝင်ပါတယ်။

 

  • အလုပ်ရှင်များအနေနဲ့လည်း မိမိတို့၏လုပ်သားများကို ကိုဗစ်ကာလ အလုပ်နားရက်များမှာ အချိန်ကိုအကျိုးရှိစွာအသုံးနိုင်ရန် အွန်လိုင်းသင်တန်းများတွင်ပါဝင်ရန် တိုက်တွန်းနိူးဆော်နိုင်ပါတယ်။

 

  • စီမံကိန်း၏အစီအစဉ်များတွင်ပါဝင်လက်တွဲကူညီကြသောလုပ်ငန်းရှင်များကိုလည်း MPTA အသင်းမှလေးစားစွာ တရားဝင်အသိအမှတ်ပြုပေးမှာဖြစ်ပါတယ်။

 

အစီအစဉ်များအားပါဝင်ဆွေးနွေးအကြံပြုလက်တွဲကူညီလိုသောလုပ်ငန်းရှင်များကိုလိူက်လှဲစွာဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ အထက်ဖော်ပြပါ စီမံကိန်းနှင့်ပတ်သက်၍ လူကြီးမင်းတို့၏ ပူပေါင်းဆောင်ရွက်လိုမူ သဘောထားမှတ်ချက်နှင့် သိရှိလိုမူများကို ဖြေကြားပေးနိုင်ရန် သက်ဆိုင်ရာ Project Officer မှလည်း ဖုန်းနှင့် အဆက်အသွယ်ပြုလုပ်လိုပါတယ်။ သို့ဖြစ်ပါ၍ ဖုန်းဖြင့်ဆက်သွယ်ပေးရမည့် လုပ်ငန်းကြီးကြပ် သူအရာရှိ နှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်အားလည်း လေးစားစွာတောင်းခံအပ်ပါသည်။

 

Project နှင့်ပတ်သက်၍ အောက်ပါ link များတွင်လည်းဆက်လက်ကြည့်ရူလေ့လာနိုင်ပါတယ် ခင်ဗျာ။

Myanmar Private TVET Association: https://mptvet.org/

Helvetas Myanmar (Aye Chan Thaw Ein Project): https://www.helvetas.org/en/myanmar/what-we-do/how-we-work/our-projects/Asia/Myanmar/Aye%20Chan%20Thaw%20Ein%20-%20Empowering%20Labour%20Migrants%20in%20Shwe%20Pyi%20Thar

Aye Chan Thaw Ein (အေးချမ်းသောအိမ်) စီမံကိန်း official page: https://www.facebook.com/AyeChanThawEin/

Partner Organizations

Funded by