မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး အခြေအနေအပေါ် မြန်မာနိုင်ငံ ပုဂ္ဂလိက နည်းပညာနှင့်သက်မွေးပညာသင်တန်းကျောင်းလုပ်ငန်းရှင်များအသင်း၏သဘောထားထုတ်ပြန်ချက်(၁/၂၀၂၁)
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး အခြေအနေအပေါ် မြန်မာနိုင်ငံ ပုဂ္ဂလိက နည်းပညာနှင့်သက်မွေးပညာသင်တန်းကျောင်းလုပ်ငန်းရှင်များအသင်း (MPTA) ၏သဘောထားထုတ်ပြန်ချက်(၁/၂၀၂၁)
TVET Star Award 2020
မြန်မာနိုင်ငံတွင် TVET ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် (၂၀၂၀) ခုနှစ်အတွင်း ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်သူများအနက်မှ တစ်ဦး (သို့မဟုတ်) အဖွဲ့အစည်းတစ်ခု အားမြန်မာနိုင်ငံ ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးပညာကျောင်းလုပ်ငန်းရှင်များအသင်း (MPTA) မှ TVET Star Award 2020 ဆုကို အခမ်းအနားဖြင့် ချီးမြှင့်သွားရန် စီစဉ်လျက်ရှိပါသည်။ လူပုဂ္ဂိုလ် ( သို့) အဖွဲ့အစည်းအနေနှင့် ၂၀၂၀ ခုနှစ်အတွင်း TVET ကဏ္ဍဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပြီးစီးခဲ့သော ထင်ရှားသည့် ဆောင်ရွက်ချက်များ၊ သမိုင်းမှတ်တိုင်များ၊ စာအုပ်နှင့် သုတေသနစာတမ်းများ၊ သင်ကြားမျှဝေမှု၊ ဆန်းသစ်ဖန်တီးမှု စသည်တို့ ရှိခဲ့ပါက MPTA အသင်းမှ ချီးမြှင့်သော TVET Star Award nominee အဖြစ်ဤ form ကိုပြည့်စုံစွာဖြည်စွက်၍ပေးပို့ရန်ဖိတ်ကြားအပ်ပါသည်။ တင်ပြလာသော Nominees များကို ဆုရွေးချယ်ရေး…
ဆံပင်နှင့် မျက်နှာအသားအရေ ပြုပြင်ထိန်းသိမ်းနည်းသင်တန်း” ကျင်းပနိုင်ရေးအလုပ်ရုံဆွေးနွေး
မြန်မာနိုင်ငံ ပုဂ္ဂလိကနည်းပညာနှင့် သက်မွေးပညာကျောင်းလုပ်ငန်းရှင်များအသင်းသည် LIFT ရံပုံငွေပံ့ပိုးမှုဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်နေသော အေးချမ်းသောအိမ်စီမံကိန်း ၏ရည်ရွယ်ချက်များအနက်မှတစ်ခုအပါအဝင်ဖြစ်သော ရွှေ့ပြောင်းလုပ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာစေရန် စံနူန်းများနှင့် ကိုက်ညီသော ကျွမ်းကျင်ဆိုင်ရာသင်တန်းများစတင်နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် media များပါဝင်သော ဆွေးနွေးတွေ့ဆုံပွဲကို ရပ်ကွက် (၇) စုပေါင်းရုံးလမ်း၊ ရွှေပြည်သာမြို့နယ်ရှိအေးချမ်းသောအိမ်စီမံကိန်း အလုပ်သမားဖွံဖြိုးရေးစင်တာ (၃)တွင် ပြုလုပ်ခဲ့ပါသည်။ ဇန်နဝါရီလ ၂၇ ရက် ၂၀၂၁ တွင်ကျင်းပခဲ့သော “ဆံပင်နှင့် မျက်နှာအသားအရေ ပြုပြင်ထိန်းသိမ်းနည်းသင်တန်း” ကျင်းပနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို People In Need Myanmar, ဖိတ်ကြားထားသောလုပ်ငန်းရှင်များ၊ သင်တန်းကျောင်းများမှတာဝန်ရှိသူများ၊ သတင်းစာနှင့် မီဒီယာများ တက်ရောက်ခဲ့ကြပါသည်။
“ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း” ပရဟိတအဖွဲ့သို့ MPTA မှ ကျပ် (၆) သိန်းခွဲလှူဒါန်း
“ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း” ပရဟိတအဖွဲ့သို့ MPTA မှ ကျပ် (၆) သိန်းခွဲလှူဒါန်း —————- COVID-19 ကပ်ရောဂါကြောင့် စားဝတ်နေရေး ခက်ခဲနေသည့် ပြည်သူများထံ တိုက်ရိုက်သွားရောက်လှူဒါန်းပေးနေသော “ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း” ပရဟိတအဖွဲ့သို့ MPTA အသင်းနှင့် အသင်းဝင်ကျောင်းများ စုပေါင်း၍ အလှူငွေ ကျပ် (၆၅၀,၀၀၀/-) ကို နိုဝင်ဘာလ (၂၀) ရက်နေ့က လှူဒါန်းခဲ့ပါသည်။ . MPTA အနေဖြင့် COVID-19 နှင့် ဆက်စပ်သောကိစ္စများတွင် ကူညီပေးနိုင်ရန် စီစဉ်ရာတွင် အလှူငွေ စုစုပေါင်း (၂,၆၅၀,၀၀၀/-) ကျပ် တိတိရရှိခဲ့ကာ ဧရာဝတီစင်တာ (ရန်ကုန်) နှင့် “ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း” ပရဟိတအဖွဲ့တို့ကို မျှဝေလှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ .…
MPTA နှင့် အသင်းဝင်ကျောင်းများစုပေါင်း၍ ဧရာဝတီစင်တာ (ရန်ကုန်) အတွက် ကျပ် (၁၀) သိန်း လှူဒါန်း
MPTA နှင့် အသင်းဝင်ကျောင်းများစုပေါင်း၍ ဧရာဝတီစင်တာ (ရန်ကုန်) အတွက် ကျပ် (၁၀) သိန်း လှူဒါန်း ———————– COVID -19 လူနာများကို လက်ခံကုသပေးလျက်ရှိနေသည့် ဧရာဝတီစင်တာ(ရန်ကုန်) အတွက် MPTA အသင်းနှင့် အသင်းဝင်ကျောင်းများစုပေါင်း၍ ကျပ် (၁၀) သိန်းကို ယနေ့သွားရောက်လှူဒါန်းခဲ့ပါသည်။ . အလှူငွေများလက်ခံရာ GOAL HOTEL သို့ MPTA အသင်းနှင့် အသင်းဝင်ကျောင်းများကိုယ်စား ဒု-ဥက္ကဌ ဦးအေးချမ်းကိုကိုနှင့် EC များသွားရောက်လှူဒါန်းရာ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဌ ဦးဇော်ဇော်မှ လက်ခံရယူပေးခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ပါသည်။ ဧရာဝတီဘဏ်၏ ဥက္ကဌလည်းဖြစ်သူ ဦးဇော်ဇော်က သက်မွေးပညာကဏ္ဍဖွံ့ဖြိုးရန် လိုအပ်မှုနှင့် MPTA ကဲ့သို့သော အသင်းအဖွဲ့ရှိခြင်း၏ ကောင်းကျိုးများကို ဆွေးနွေးခဲ့ပြီး ဧရာဝတီဘဏ်အနေဖြင့်လည်း ကူညီနိုင်သည်များကိုကူညီရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့ပါသည်။ .…
National Education Strategic Plan 2021-2030
ပညာရေးဆိုင်ရာမဟာဗျူဟာမြောက်အစီအစဉ်အရ ပညာရေးဆိုင်ရာအဆင့်မြှင့်တင်ရေး ရည်မှန်းချက်များ ၊ ရည်မှန်းချက်ပြီးမြောက်အောင်မြင်မှုအတွက် စီမံဆောင်ရွက်မှုများ ၊ အရည်အသွေးနှင့် တတ်မြောက်ကျွမ်း ကျင်ရေးအတွက် အကဲဖြတ်အကြံပေးမှုများ ၊ နိုင်ငံအတွင်းတည်ရှိပြီးသော ပင်မရင်းမြစ်များမှ အနာဂတ်ပညာရေးဆိုင်ရာ အောင်မြင်မှုရလာဒ်များအတွက် ရှိရင်းစွဲအရင်းအမြစ်များကို အသုံးပြု၍ ပညာရေးမဟာဗျူဟာမြောက်စီမံကိန်း များကို အောင်မြင်စွာဆောင်ရွက်နိုင်စေရေးတို့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၊ ပညာရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ် ၁ဝ၅/၂ဝ၂ဝ ၊ မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ၊ တော်သလင်း လပြည့်ကျော် ၄ ရက် ၊ ခရစ်သက္ကရာဇ် ၂ဝ၂ဝ ပြည့်နှစ် ၊ အောက်တိုဘာလ ၅ ရက်နေ့ ရက်စွဲပါ စာအမှတ် – မူဝါဒ (၂၁)/၁၁-၁၁(NESP)/၂ဝ၂ဝ (၅၈၂၄) ဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂ဝ၂၁ – ၂ဝ၃ဝ)…
အခြေခံပညာ အထက်တန်း ပြီးမြောက်ကြောင်း လက်မှတ်
၂၀၁၉-၂၀၂၀ ပညာသင်နှစ်က စပြီး အခြေခံပညာအထက်တန်းဆင့် ပြီးမြောက်ကြောင်းလက်မှတ် (High School Completion Certificate) ထုတ်ပေး ခဲ့ပါတယ်။ “၇၀ ရာခိုင်နှုန်းဝန်းကျင်ရှိတဲ့ တက္ကသိုလ်ဝင် စာမေးပွဲ မအောင်မြင်တဲ့ ကျောင်းသားတွေအတွက် အသက်မွေး ဝမ်း ကျောင်း သင်တန်းတွေနဲ့ ချိတ်ဆက်ပြီး အလုပ် အကိုင် အခွင့်အလမ်းတွေရရှိဖို့၊ လိုက်လျောညီထွေတဲ့ ကျွမ်းကျင်မှုတွေရရှိပြီး လူမှုဘဝမြင့်မားလာရေးကို ဆောင်ရွက်ပေးနိုင်ဖို့၊ တစ်ဦးချင်းဝင်ငွေရရှိပြီး မိသားစုဝင်ငွေ မြင့်မားလာကာ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး ဒီလက် မှတ် ကို ပေးအပ်ဖို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဒီနှစ် အခြေခံပညာအထက် တန်းဆင့် ပြီးမြောက်ကြောင်း လက်မှတ် (HSCC) ထုတ်ပေးလိုက်သူပေါင်း ခြောက်သိန်းခွဲလောက် ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီ လူငယ်…
All-Round Youth Development Festival at Magway Region
President Mr.Aye Min Min participated as panelist at the panel discussion.
Recent Posts
- မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေး အခြေအနေအပေါ် မြန်မာနိုင်ငံ ပုဂ္ဂလိက နည်းပညာနှင့်သက်မွေးပညာသင်တန်းကျောင်းလုပ်ငန်းရှင်များအသင်း၏သဘောထားထုတ်ပြန်ချက်(၁/၂၀၂၁)
- TVET Star Award 2020
- ဆံပင်နှင့် မျက်နှာအသားအရေ ပြုပြင်ထိန်းသိမ်းနည်းသင်တန်း” ကျင်းပနိုင်ရေးအလုပ်ရုံဆွေးနွေး
- “ပြည်သူမှ ပြည်သူသို့ မျှဝေခြင်း” ပရဟိတအဖွဲ့သို့ MPTA မှ ကျပ် (၆) သိန်းခွဲလှူဒါန်း
- MPTA နှင့် အသင်းဝင်ကျောင်းများစုပေါင်း၍ ဧရာဝတီစင်တာ (ရန်ကုန်) အတွက် ကျပ် (၁၀) သိန်း လှူဒါန်း
- National Education Strategic Plan 2021-2030
- အခြေခံပညာ အထက်တန်း ပြီးမြောက်ကြောင်း လက်မှတ်
- All-Round Youth Development Festival at Magway Region
- MPTA Members Annual General Meeting 2019
- UMFCCI Conference